METANOIA
  • HOME
  • SERVICES
  • RESOURCES
  • HELPLINE
  • GALLERY
  • CONTACT

We all feel ..... တို့အားလုံးခံစားရပါတယ်........

2/8/2021

Comments

 
Picture
Picture
တို့အားလုံးခံစားရပါတယ်........

တို့အားလုံးဝမ်းနည်းမှုကိုခံစားရပါတယ်။ ဘဝဟာအမြဲတမ်း ချောမွေ့နေမှာမဟုတ်ဘူးဆိုတာရယ်၊
တို့တွေဟာ စိန်ခေါ်မှုတွေကတဆင့် ရင့်ကျက်ကြီးထွားလာတယ်ဆိုတာ ၀မ်းနည်းခံစားမှုက သတိပေးနေပါတယ်။
တို့အားလုံးဒေါသထွက်မှုကိုခံစားရနိုင်ပါတယ်။ ဒေါသက မတရားမှုတွေကို တုံ့ပြန်တဲ့ တို့တွေရဲ့ စိတ်ခံစားမှုလေးပါ။
တို့အားလုံးစိတ်ပူမိတတ်ပါတယ်။ စိတ်ပူစိုးရိမ်တဲ့အခါ တို့တွေအနာဂါတ်အတွက် ပိုမိုပြင်ဆင်ကြပါတယ်။
တို့အားလုံးကြောက်ရွံ့မှုကို ခံစားရနိုင်ပါတယ်။ အကြောက်တရားက မလိုလားအပ်တဲ့ အန္တရာယ်ရှိတဲ့အရာတွေ တို့တွေ မလုပ်မိအောင် သတိပေးနေပါတယ်။ 

စိတ်ခံစားမှုလေးတွေက တို့တွေရဲ့ သူငယ်ချင်းလေးတွေပါ။ 
သူတို့လေးတွေကြောင့် တို့တွေတစ်ယောက်ချင်းစီက လူသားအဖြစ်ရပ်တည်နေကြတာပါ။

တစ်ခါတစ်ရံမှာတော့ ဘ၀အခြေအနေတွေ ပြင်းထန် ရှုပ်ထွေးလာတဲ့အခါ တို့တွေရဲ့ သူငယ်ချင်း စိတ်ခံစားချက်လေးတွေလည်း ယောက်ယက်ခက်လာနိုင်ပါတယ်။

၀မ်းနည်းမှုတွေကတဆင့် တို့တွေလုပ်နိုင်တာ ဘာမှ မရှိတော့ပါလားလို့ တွေးပြီး မျှော်လင့်ချက်မဲ့မှုတွေ ခံစားလာရနိုင်ပါတယ်။
ဒေါသထွက်မှုတွေနဲ့အတူ တို့နဲ့ဆက်စပ်နေတဲ့ သူတွေကို နာကျင်အောင်လုပ်မိနိုင်ပါတယ်။ 
စိုးရိမ်မှုတွေနဲ့ တို့တွေထိတ်လန့်ခြောက်ခြား သွေးပျက်နိုင်ပါတယ်။
ကြောက်ရွံ့မှုတွေနဲ့ 
တို့တွေလုပ်သင့်တာတွေ မလုပ်မိတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

စိတ်ခံစားမှု သူငယ်ချင်းလေးတွေက တို့တွေရဲ့ သတိပေးစနစ်လေးတွေပါ။ သူတို့က အကူအညီတောင်းနေပါပြီ။

ဒါဆိုတို့တွေဘာလုပ်လို့ရနိုင်မလဲ။

စိတ်ခံစားချက်လေးတွေကို သတိပြုမိပြီး ဂရုဏာထားလို့ရပါတယ်။
တို့တွေရဲ့ ကိုယ်ခန္ဓာလေးတွေကို လှုပ်ရှားပြီး အင်အားပေးလို့ရပါတယ်။
တို့တွေမလုပ်နိုင်တာထက် လုပ်နိုင်တာတွေကို အာရုံပြုလို့ရပါတယ်။
တို့တွေကို နားလည်နိုင်မယ့် သူတို့နဲ့ ချိတ်ဆက်၀ေငှရင်ဖွင့်လို့ရပါတယ်။
တို့အနီးအနားမှာရှိတဲ့ ပျော်ရွင်စရာလေးတွေကို ပျော်ရွှင်ကြည်နူးဖို့ လည်း တို့တွေ ကိုယ့်ကိုယ်ကို အခွင့်ပေးလို့ရပါတယ်။

တို့တွေရဲ့ စိတ်ခံစားမှု သူငယ်ချင်းလေးတွေကို ငြိမ်သက်လာအောင်လုပ်ဖို့လည်း အချိန်ယူလို့ရပါတယ်။

တချို့အချိန်တွေမှာ ဘ၀မှာကြုံတွေ့ရတဲ့ အခက်အခဲတွေက အချိန်အတော်ကြာ ဆက်တိုက်ဖြစ်နေတာဖြစ်နိုင်ပါတယ်။
တာ၀ေးအပြေးပြိုင်ပွဲလိုပါပဲ။ အချိန်အနည်းငယ် အတွင်းမှာ တို့တွေ အင်အားတွေကုန်ခမ်းသွားလို့ မဖြစ်ပါဘူး။
တို့တွေရဲ့ စိတ်ခံစားချက် သူငယ်ချင်းလေးတွေက တို့တွေ ရေရှည် ဆက်ပြေးနိုင်အောင် မီးစားထပ်ထည့်ပေးဖို့ အချက်ပြသတိပေးနေပါတယ်။

ဒီအချိန်မှာ တို့တွေရဲ့ စိတ်ခံစားမှုသူငယ်ချင်းလေးတွေကို သတိထားပြီးစောင့်ကြည့်ကြရအောင်။

We all feel .............

We all feel sad. Sadness helps us understand that life is not always butterflies and rainbows and we grow through challenges.
We all feel angry. Anger is our response to unfairness.
We all feel worry. We prepare for our future when we worry.
We all feel afraid. Fear warns us not to take unnecessary risk.

Our emotions are our friends. We are who we are because of them.

Sometimes, when things become hectic, our friends may become frantic.

With sadness, we may feel hopeless thinking there is nothing we can do.
With anger, we may hurt people around us.
With worry, we may become panicked and overwhelmed.
With fear, we may fail to do things we should.

Our friend emotions are our alarm. They are calling for help.

What can we do?

We can notice them and be compassionate with them.
We can move around to energize ourselves and our friends.
We can focus on what we can do instead of what we can’t.

We can connect with people who can understand us.
We can allow ourselves to enjoy the things around us.

We can also take time to cool down ourselves and our friends.

At times, we are facing hardship over a period of time. It is like we are running the long race.
We cannot use up our energies in a short while.
And our friends signal us to refuel along the way so that we can keep moving.

Let's keep our friends in check.

Comments
  • HOME
  • SERVICES
  • RESOURCES
  • HELPLINE
  • GALLERY
  • CONTACT